Chapter 4: Control Structures (ထိန်းချုပ်မှု တည်ဆောက်ပုံတိ)

ပရိုဂရမ်တစ်ခုစာ အထက်ကနီ အောက်ကို တစ်ကြောင်းချင်းစီ ပုံမှန် အလုပ်လုပ်ပါရေ။ ယကေလေ့ တစ်ခါတလေမှာ ကျွန်တော်တို့က အချို့အလုပ်တိကို ကျော်ခိုင်းချင်စွာ (သို့မဟုတ်) ထပ်ခါထပ်ခါ လုပ်ခိုင်းချင်စွာမျိုး ရှိပါရေ။ ယင့်စာကို Control Structures နန့် လုပ်ဆောင်နိုင်ပါရေ။

၁။ Sequence (အစဉ်လိုက် လုပ်ဆောင်ခြင်း)

ပုံမှန် အလုပ်လုပ်ပုံပါ။ ညွှန်ကြားချက်တိကို အထက်ဆုံးစာကြောင်းကနီ အောက်ဆုံးထိ တစ်ဆင့်ချင်းစီ လုပ်လားစွာ ဖြစ်ပါရေ။ အဆင့်ကျော်လို့ မရပါ။

START
  Wake Up
  Brush Teeth
  Eat Breakfast
END

၂။ Selection (ရွီးချယ်လုပ်ဆောင်ခြင်း)

အခြေအနိန်တစ်ခုပေါ် မူတည်ပနာ ဇာဆက်လုပ်ရဖို့လဲ ဆုံးဖြတ်စွာပါ။ If, Else statements တိကို သုံးပါရေ။

Traffic Light Conditionals

Example: စာမေးပွဲ အောင်/ရှုံး (Pass or Fail)

အောက်ပါ Flowchart မှာ အမှတ် ၅၀ ကျော်ကေ "Pass"၊ မကျော်ကေ "Fail" လို့ ပြသပုံကို တွက်ချက်ပြထားပါရေ။

Selection Flowchart


IF Score >= 50 THEN
    PRINT "Pass"
ELSE
    PRINT "Fail"
END IF

၃။ Iteration (ထပ်ခါထပ်ခါ လုပ်ဆောင်ခြင်း)

အေစာကို Loop ပတ်ရေလို့ ခေါ်ပါရေ။ အလုပ်တစ်ခုကို အကြိမ်အရေအတွက် တစ်ခုအထိ (သို့မဟုတ်) အခြေအနေတစ်ခု ပြည့်လားတဲ့အထိ ထပ်ခါထပ်ခါ လုပ်ခိုင်းစွာပါ။

Loop Cycle

3.1 Loop အမျိုးအစားတိ

A. For Loop (အကြိမ်ရေ အတိအကျ သိသောအခါ)

အလုပ်တစ်ခုကို ဇာနှစ်ခါ လုပ်ပါဆိုပြီး အတိအကျ ခိုင်းချင်တဲ့အခါ သုံးပါရေ။ Example: ၁၀ ပတ်တိတိ ပြေးပါ (Run 10 laps).

START
  count = 0
  WHILE count < 10
    Run 1 Lap
    count = count + 1
  END WHILE
  Stop Running
END

B. While Loop (အခြေအနေတစ်ခုပေါ် မူတည်သောအခါ)

အကြိမ်ရေ မသိလည်း အခြီအနနိတစ်ခု မှန်နီသရွိ့ ဆက်လုပ်နီစီချင်ရေအခါ သုံးပါရေ။ Example: ဝမ်းမဝမချင်း စားပါ (Eat while hungry).

START
  WHILE Hungry is True
    Eat Food
  END WHILE
  Stop Eating
END

သင်ခန်းစာ အကျဉ်းချုပ်

  • Sequence: အစဉ်လိုက် လုပ်ဆောင်ခြင်း။
  • Selection: အခြေအနေပေါ်မူတည်ပနာ ရွီးချယ်ခြင်း (If/Else)။
  • Iteration: ထပ်ခါထပ်ခါ လုပ်ဆောင်ခြင်း (Loops)။

လေ့ကျင့်ခန်း (Exercise):

  1. Staircase Algorithm: လှေကား ၁၀ ထစ် တက်ပုံကို Algorithm ရေးပါ။
    • For Loop: လှေကားထစ် အရွီအတွက် သိတဲ့အခါ (၁၀ ထစ်)။
    • While Loop: လှေကားထစ် မသိတဲ့အခါ (အထက်ဆုံး မရောက်မချင်း တက်မယ်)။
  2. နိတိုင်း ထပ်ခါထပ်ခါ လုပ်နီတဲ့ အလုပ်တစ်ခုကို Loop နဲ့ ရေးကြည့်ပါ။