Chapter 2: Sorting Algorithms (အစဉ်လိုက် စီခြင်း Algorithms)

အချက်အလက်တိကို စနစ်တကျ စီစီညီညီဖြစ်အောင် စီရေ Algorithms တိကို လေ့လာကတ်ပါဖို့။


1. Bubble Sort (ပူပေါင်းစီခြင်း)

Bubble Sort Visual

ယင်းက ဇာလဲ? အစီအစဉ်မကျရေ Data တိကို ငယ်စဉ်ကြီးလိုက် (သို့) ကြီးစဉ်ငယ်လိုက် စီချင်ရေအခါ သုံးပါရေ။ ကပ်လျက်နှစ်ခုကို ယှဉ်ကြည့်ပြီး နီရာမှားနီကေ ချိန်း (Swap) ပါရေ။

လက်တွိ့ဘဝ ဥပမာ - ကျောင်းသားတိကို အရပ်အမြင့်အတိုင်း တန်းစီခိုင်းပိုင်ပါ။ ထိပ်ဆုံးက နှစ်ယောက်ကို ယှဉ်မေ။ ဘယ်ဘက်ကလူ ပိုရှည်နီကေ နီရာချိန်းမေ။ ပြီးကေ နောက်တစ်တွဲ ဆက်ယှဉ်မေ။ ယင့်ပိုင်နည်းနန့် အရပ်အရှည်ဆုံးလူက နောက်ဆုံး (ညာဘက်အစွန်) ကို အသာသာ ရောက်လားပါလိမ့်မေ။

Pseudocode:

START
  REPEAT
    Swapped = False
    FOR i FROM 0 TO Length - 2
      IF Array[i] > Array[i+1] THEN
        Swap(Array[i], Array[i+1])
        Swapped = True
      END IF
    END FOR
  UNTIL Swapped == False
END

2. Selection Sort (ရွီးထုတ်စီခြင်း)

Selection Sort Visual

ယင်းက ဇာလဲ? Data စီရေနည်းပါရာ။ သူကတော့ အားလုံးထဲမှာ အငယ်ဆုံး တစ်ခုကို ရှာပြီး ရှိဆုံးမှာ လာထားပါရေ။ ပြီးကေ ကျန်စွာထဲက အငယ်ဆုံးကို ထပ်ရှာပြီး ဒုတိယနီရာမှာ ထားပါရေ။

လက်တွိ့ဘဝ ဥပမာ - ဖဲချပ်တိကို လက်ထဲမှာ ကိုင်ထားပြီး အငယ်ဆုံး (ဥပမာ - ၂) ကို ရှာပြီး ထိပ်ဆုံးမှာ ထုတ်ထားလိုက်ရေ။ ပြီးကေ ကျန်စွာထဲက အငယ်ဆုံး (ဥပမာ - ၃) ကို ရှာပြီး ၂ ရဲ့ဘေးမှာ ထပ်ထားပိုင်မျိုးပါ။

Pseudocode:

START
  FOR i FROM 0 TO Length - 1
    MinIndex = i
    FOR j FROM i + 1 TO Length - 1
      IF Array[j] < Array[MinIndex] THEN
        MinIndex = j
      END IF
    END FOR
    Swap(Array[i], Array[MinIndex])
  END FOR
END

3. Insertion Sort (ထိုးထည့်စီခြင်း)

Insertion Sort Visual

ယင်းက ဇာလဲ? Data တစ်ခုချင်းစီကို ယူပြီး သူ့နီရာအမှန်မှာ လိုက်ထည့်ရေ နည်းလမ်းပါ။

လက်တွိ့ဘဝ ဥပမာ - ဖဲကစပ်ရေအခါ ဖဲချပ်အသစ်တစ်ချပ် ဆွဲလိုက်တိုင်း လက်ထဲမှာရှိပြီးသား ဖဲချပ်တိကြားထဲက နီရာမှန် (ဥပမာ - ၅ နန့် ၇ ကြားမှာ ၆ ကို ထိုးထည့်) မှာ ထည့်လိုက်သပိုင်မျိုးပါ။

Pseudocode:

START
  FOR i FROM 1 TO Length - 1
    Key = Array[i]
    j = i - 1
    WHILE j >= 0 AND Array[j] > Key
      Array[j + 1] = Array[j]
      j = j - 1
    END WHILE
    Array[j + 1] = Key
  END FOR
END

4. Merge Sort (ပေါင်းစည်းစီခြင်း)

Merge Sort Visual

ယင်းက ဇာလဲ? Data တိအများကြီးကို တစ်ခါတည်း စီဖို့အစား၊ အရင်ဆုံး တစ်ဝက်စီ ခွဲထုတ်လိုက်ပါရေ။ တစ်ယောက်တစ်ဝက် စီပြီးမှ ပြန်ပေါင်း (Merge) ရေ နည်းလမ်းပါ။

လက်တွိ့ဘဝ ဥပမာ - စာမေးပွဲအဖြေလွှာ အုပ်ကြီးတစ်ခုလုံးကို ဆရာတစ်ယောက်တည်း စီကေကြာလို့ နှစ်ပုံခွဲပြီး ဆရာနှစ်ယောက်ကို စီခိုင်းလိုက်ရေ။ ပြီးမှ ဆရာနှစ်ယောက် ပြန်ပီးလာရေ အစီအစဉ်ကျပြီးသား စာရွက်နှစ်ပုံကို ပေါင်းလိုက်စွာပါ။

Pseudocode:

FUNCTION MergeSort(List)
  IF Length of List <= 1 THEN
    RETURN List
  END IF
  Mid = Length / 2
  Left = MergeSort(List[0...Mid])
  Right = MergeSort(List[Mid...End])
  RETURN Merge(Left, Right)
END FUNCTION

5. Quick Sort (အမြန်စီခြင်း)

Quick Sort Visual

ယင်းက ဇာလဲ? Data တစ်ခု (Pivot) ကို ရွီးလိုက်ပြီး၊ သူ့ထက်ငယ်စွာတိကို ဘယ်ဘက်၊ ကြီးစွာတိကို ညာဘက် ပို့လိုက်ရေ နည်းလမ်းပါ။

လက်တွိ့ဘဝ ဥပမာ - အားကစားကွင်းမှာ ကျောင်းသားတိကို ခွဲရေအခါ "မောင်မောင် (Pivot) ထက် အရပ်ပုရေလူတိ ဘယ်ဘက်လား၊ ရှည်ရေလူတိ ညာဘက်လား" လို့ အုပ်စုခွဲလိုက်သပိုင်ပါရာ။ ပြီးမှ ယင့်အုပ်စုတိကို ထပ်ပြီး ခွဲလားစွာပါ။

Pseudocode:

FUNCTION QuickSort(List)
  IF Length of List <= 1 THEN
    RETURN List
  END IF
  Pivot = SelectPivot(List)
  Left = Elements < Pivot
  Right = Elements > Pivot
  RETURN QuickSort(Left) + [Pivot] + QuickSort(Right)
END FUNCTION

သင်ခန်းစာ အကျဉ်းချုပ်

  • Bubble Sort: ဘေးချင်းယှဉ်ပြီး ချိန်းရေနည်း။
  • Selection Sort: အငယ်ဆုံးကို ရွီးထုတ်ရေနည်း။
  • Merge Sort: ခွဲထုတ်ပြီးမှ ပြန်ပေါင်းစီရေနည်း။
  • Quick Sort: အလယ်ကအချက်လက်တစ်ခုကိုရွီးချယ်လို့ ငယ်စာကို ဘယ်ဖက်၊ ကြီးစာကို ညာဖက် အစိုင်လိုက်ကျအောင် ထပ်တလဲလဲ စီခြင်း
  • Insert Sort: အချက်လက်တစ်ခုချင်းစီကို ပိုကြီးရေ ကိန်းဧ့ ရှိသို့ အစိုင်လိုက် ညှပ်ထည့်ရေ နည်းလမ်းဖြစ်တေ။

လေ့ကျင့်ခန်း (Exercises)

  1. Card Game: ဖဲချပ်တိကို လက်ထဲတွင် ကိုင်ထားပြီး ငယ်စဉ်ကြီးလိုက် စီချင်သည်။ ဖဲချပ်အသစ်တစ်ချပ် ဆွဲတိုင်း နေရာမှန်တွင် ထိုးထည့်လိုက်ခြင်းသည် မည်သည့် Sorting Algorithm နှင့် တူသနည်း?
  2. School Assembly: ကျောင်းသားတိကို အရပ်အမြင့်အလိုက် တန်းစီခိုင်းသည်။ ဘေးချင်းယှဉ်ရပ်နီရေ ကျောင်းသားနှစ်ဦးကို ကြည့်ပြီး အရပ်ရှည်သူကို နောက်ပို့ရေနည်းလမ်းရေ ဇာ Algorithm လဲ?